iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို တည်းဖြတ်ပြုပြင်ခြင်း
ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုရိုက်ကူးပြီးသည့်အခါ သင်၏ iPhone တွင် ၎င်းတို့ကိုတည်းဖြတ်ပြုပြင်ရန် Photos အက်ပ် ရှိကိရိယာများကိုအသုံးပြုပါ။ အလင်းအားနှင့် အရောင်အသွေး၊ ဖြတ်တောက်ခြင်း၊ လှည့်ခြင်း၊ အရာင်တင်ပြုပြင်ခြင်း စသည်တို့ကို ပြုပြင်နိုင်သည်။ သင်ပြုပြင်လိုက်သော အနေအထားကိုမကြိုက်နှစ်သက်ပါက မူလအနေအထားပြန်ဖြစ်စေရန် Cancel ကိုနှိပ်ပါ။
iCloud Photosကို သင်အသုံးပြုသည့်အခါ ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် သင်တည်းဖြတ်ပြုပြင်ထားသမျှအား သင်၏စက်ပစ္စည်းများအားလုံး၌ သိမ်းဆည်းပေးထားသည်။
အလင်းနှင့်အရောင်အား ချိန်ညှိခြင်း
Photos တွင် ဖန်သားပြင်အပြည့်ကြည့်ချင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအသေးစားအား နှိပ်ပါ။
Edit ကိုနှိပ်ကာ Exposure၊ Brilliance၊ Highlights နှင့် Shadows ကဲ့သို့အထူးပြုလုပ်ချက်တစ်ခုစီအတွက် ပြင်ဆင်မှုများကိုကြည့်ရန် ထိုဓာတ်ပုံအောက် ဘယ်ဘက်သို့ပွတ်ဆွဲပါ။
သင်ပြုပြင်လိုသော အထူးပြုလုပ်ချက်ကိုနှိပ်ကာ တိကျသောချိန်ညှိမှုများဖန်တီးရန် ဆလိုက်ဒါကို ဖိဆွဲပါ။
အထူးပြုလုပ်ချက်တစ်ခုစီအတွက် သင်ပြုလုပ်သည့်ချိန်ညှိမှုအဆင့်ကို ထိုခလုတ်နားတစ်ဝိုက်ပုံကြမ်းဖြင့် ညွှပြထားသောကြောင့် အဆိုပါအထူးပြုလုပ်ချက်များတိုးခြင်း သို့မဟုတ် လျှော့ခြင်းကိုဖျတ်ခနဲကြည့်နိုင်သည်။ ပြင်ဆင်ထားသည့်အထူးပြုလုပ်ချက်နှင့်မူရင်းကြားပြောင်းရန် အထူးပြုလုပ်ချက်ခလုတ်ကိုနှိပ်ပါ။
သင်ပြင်ဆင်ထားသည်များကိုသိမ်းဆည်းရန် Done ကိုနှိပ်ပါ၊ သို့မဟုတ် သင်ပြင်ဆင်ထားသမျှကို မနှစ်သက်ပါက Cancel ကိုနှိပ်ပြီးနောက် Discard Changes ကိုနှိပ်ပါ။
အကြံပြုချက် သင့် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို အထူးပြုလုပ်ချက်များဖြင့် အလိုအလျောက်တည်းဖြတ်နိုင်ရန် ကို နှိပ်ပါ။
ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ဖြတ်တောက်ခြင်း၊ လှည့်ခြင်း သို့မဟုတ် လှန်ခြင်း
Photos တွင် ဖန်သားပြင်အပြည့်ကြည့်ချင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအသေးစားအား နှိပ်ပါ။
Edit ကိုနှိပ်ပါ၊ ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှတစ်ခုခုကို ပြုလုပ်ပါ၊
ကိုယ်တိုင်ဖြင့်ဖြတ်တောက်ခြင်း၊ ထိုဓာတ်ပုံထဲတွင်သင်သိမ်းလိုသည့်နေရာကိုထည့်ရန်ထောင့်မှန်စတုဂံထောင့်များကိုဆွဲယူပါ၊ သို့မဟုတ်ထိုဓာတ်ပုံဖွင့်ရန်သို့မဟုတ်ပိတ်ရန်လက်နှစ်ချောင်းဖြင့်လုပ်နိုင်သည်။
ကြိုတင်စံသတ်မှတ်ထားသည့်အချိုးအစားအတိုင်းဖြတ်တောက်ခြင်း၊ ကိုနှိပ်ကာ အရွယ်အစားစတုရန်း၊ wallpaper၊ 16:9 သို့မဟုတ် 5:4 ကဲ့သို့ တစ်ခုကိုရွေးချယ်ပါ။
လှည့်ခြင်း၊ ဓာတ်ပုံကို 90 ဒီဂရီလှည့်ရန် ကိုနှိပ်ပါ။
ဟိုဘက် ဒီဘက်လှန်ခြင်း၊ ထိုပုံကိုအလျားလိုက်လှန်ရန် ကိုနှိပ်ပါ။
သင်ပြင်ဆင်ထားသည်များကိုသိမ်းဆည်းရန် Done ကိုနှိပ်ပါ၊ သို့မဟုတ် သင်ပြင်ဆင်ထားသမျှကို မနှစ်သက်ပါက Cancel ကိုနှိပ်ပြီးနောက် Discard Changes ကိုနှိပ်ပါ။
ဓာတ်ပုံတစ်ပုံကို ကြည့်နေစဉ်အတွင်း အမြန်ဖြတ်တောက်ရန် ၎င်းကို အနီးကပ်ဆွဲချဲ့ပါ။ သင်ဖြတ်တောက်လိုသည့်အတိုင်း ဓာတ်ပုံက ပေါ်လာသည့်အခါ ဖန်သားပြင်၏ ညာဘက်ထိပ်ရှိ Crop ကိုနှိပ်ပါ။ ဖြတ်တောက်မှုကိရိယာများနှင့် ချိန်ညှိမှုများ ဆက်လက်ပြုလုပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။
မြင်ကွင်းကိုဖြောင့်တန်းခြင်းနှင့်ချိန်ညှိ ခြင်း
Photos တွင် ဖန်သားပြင်အပြည့်ကြည့်ချင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအသေးစားအား နှိပ်ပါ။
Edit ကိုနှိပ်ကာ ကိုနှိပ်ပါ။
သင်ပြုပြင်နိုင်သော အထူးပြုလုပ်ချက်များကိုကြည့်ရှုရန် ဓာတ်ပုံအောက်တွင် ဘယ်သို့ပွတ်ဆွဲပါ၊ Straighten၊ Vertical သို့မဟုတ် Horizontal။
သင်ပြုပြင်လိုသော အထူးပြုလုပ်ချက်ကိုနှိပ်ကာ တိကျသောချိန်ညှိမှုများဖန်တီးရန် ဆလိုက်ဒါကို ဖိဆွဲပါ။
အထူးပြုလုပ်ချက်တစ်ခုစီအတွက်သင်ပြုလုပ်သည့်ချိန်ညှိမှုအဆင့်ကိုထိုခလုတ်နားတစ်ဝိုက်ပုံကြမ်းဖြင့်ပြထားသည်၊ ထို့ကြောင့်အဆိုပါအထူးပြုလုပ်ချက်များတိုးခြင်းသို့မဟုတ်လျော့ခြင်းကိုဖျတ်ခနဲကြည့်နိုင်သည်။ ပြင်ဆင်ထားသည့်အထူးပြုလုပ်ချက်နှင့်မူရင်းကြားပြောင်းရန်ထိုခလုတ်ကိုနှိပ်ပါ။
သင်ပြင်ဆင်ထားသည်များကိုသိမ်းဆည်းရန် Done ကိုနှိပ်ပါ၊ သို့မဟုတ် သင်ပြင်ဆင်ထားသမျှကို မနှစ်သက်ပါက Cancel ကိုနှိပ်ပြီးနောက် Discard Changes ကိုနှိပ်ပါ။
စစ်ထုတ်သည့်အထူးပြုလုပ်ချက်များသုံးခြင်း
Photos တွင် ဖန်သားပြင်အပြည့်ကြည့်ချင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအသေးစားအား နှိပ်ပါ။
Edit ကိုနှိပ်ပါ၊ Vivid သို့မဟုတ် Dramatic ကဲ့သို့ ဓာတ်ပုံကိုအမျိုးမျိုးပြင်ဆင်နိုင်သည့် ဓာတ်ပုံအရောင်စစ်ခြင်းကိုအသုံးပြုရန် ကိုနှိပ်ပါ။
ဓာတ်ပုံကို ရိုက်ကူးခဲ့စဉ်က အသုံးပြုခဲ့သည့် filter ကိုဖယ်ရှားရန် Original ကိုနှိပ်ပါ။
စိစစ်မှုခလုတ်တစ်ခုကိုနှိပ်ပါ၊ ထို့နောက်ထိုအထူးပြုလုပ်ချက်ကိုချိန်ညှိရန်ထိုဆလိုက်ကိုပွတ်ဆွဲပါ။
မူရင်းနှင့်ပြင်ဆင်ထားသည့်ဓာတ်ပုံကိုနှိုင်းယှဉ်ရန်၊ ထိုဓာတ်ပုံကိုနှိပ်ပါ။
သင်ပြင်ဆင်ထားသည်များကိုသိမ်းဆည်းရန် Done ကိုနှိပ်ပါ၊ သို့မဟုတ် သင်ပြင်ဆင်ထားသမျှကို မနှစ်သက်ပါက Cancel ကိုနှိပ်ပြီးနောက် Discard Changes ကိုနှိပ်ပါ။
တည်းဖြတ်ပြင်ဆင်မှုများကို ပြုပြင်ခြင်းနှင့် ပြန်ပြင်ခြင်း
သင် ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို တည်းဖြတ်သည့်အခါ တည်းဖြတ်ပြင်ဆင်မှုအဆင့်များစွာကို ပြုပြင်ရန်နှင့် ပြန်ပြင်ရန်အတွက် ဖန်သားပြင်ထိပ်ရှိ နှင့် ကိုနှိပ်ပါ။
အကြံပြုချက် တည်းဖြတ်ပြင်ဆင်ထားသည့်ပုံစံကို မူရင်းနှင့်ယှဥ်ကြည့်ရန် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို ထိနိုင်သည်။
ဓာတ်ပုံများစွာသို့ တည်းဖြတ်ပြင်ဆင်မှုများကို ကူးယူခြင်းနှင့် ထည့်သွင်းခြင်း
သင်ပြုလုပ်ထားသည့် တည်းဖြတ်ပြင်ဆင်မှုများကို ဓာတ်ပုံတစ်ပုံ( သို့မဟုတ် ဗီဒီယို)ကို ကူးယူနိုင်ပြီး အခြားဓာတ်ပုံ သို့မဟုတ် အစုလိုက် သို့မဟုတ် ဓာတ်ပုံများတွင် အားလုံးကိုတစ်ချိန်တည်း ကူးယူထည့်သွင်းနိုင်သည်။
သင်ကူးယူလိုသည့် တည်းဖြတ်ပြင်ဆင်မှုများပါဝင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကိုဖွင့်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် Copy Edits ကို နှိပ်ပါ။
သင့်ဓာတ်ပုံစုစည်းမှုကို ပြန်သွားရန် ကိုနှိပ်ပါ။
Select ကိုနှိပ်ပါ၊ ထို့နောက် သင် တည်းဖြတ်ပြင်ဆင်မှုများကူးယူထည့်သွင်းချင်သည့် ဓာတ်ပုံများ၏ ပုံသေးများကိုနှိပ်ပါ။ သို့မဟုတ် ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကိုဖွင့်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် Paste Edits ကိုနှိပ်ပါ။
မှတ်စု ဓာတ်ပုံများသည် ပိုမိုလိုက်ဖက်မှုရှိစေရန် တည်းဖြတ်ဓာတ်ပုံများ၏ အဖြူရောင်ညီမျှမှုနှင့် အလင်းအမှောင်တို့ကို အလိုအလျောက် ချိန်ညှိပေးပြီး ဓာတ်ပုံများကို ပိုမိုဆင်တူလာစေသည်။
တည်းဖြတ်ပြင်ဆင်ပြီးသော ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုကိုကို မူလအတိုင်းပြန်ပြောင်းခြင်း
ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ပြင်ဆင်ပြီး၍ ပြင်ဆင်သမျှကို သိမ်းဆည်းပြီးသည့်အခါ မူရင်းသို့ ပြန်ပြောင်းနိုင်သည်။
တည်းဖြတ်ပြင်ဆင်ထားသော ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ဖွင့်ပါ၊ ထို့နောက် ကိုနှိပ်ပါ။
Revert to Original ကိုနှိပ်ပါ။
ရက်စွဲ၊ အချိန် သို့မဟုတ် တည်နေရာကို ပြောင်းခြင်း
ဓာတ်ပုံ သို့မဟုတ် ဗီဒီယို၏ မက်တာဒေတာ အချက်အလက်အထဲတွင် သိမ်းဆည်းထားသည့် ရက်စွဲ၊ အချိန် နှင့် တည်နေရာကို ပြောင်းနိုင်သည်။ ဓာတ်ပုံနှင့် ဗီဒီယိုအချက်အလက်များကို ကြည့်ခြင်း ကိုကြည့်ပါ။
အဆိုပါဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကိုဖွင့်ပါ၊ ထို့နောက် ကိုနှိပ်ပါ။
Adjust Date & Time သို့မဟုတ် Adjust Location ကိုနှိပ်ပါ။
အချက်အလက်အသစ်ထည့်ပါ၊ ထို့နောက် Adjust ကိုနှိပ်ပါ။
ဓာတ်ပုံတစ်စု၏ ရက်စွဲ၊ အချိန် သို့မဟုတ် တည်နေရာကိုပြောင်းရန် Select ကိုနှိပ်ပါ၊ သင်ပြောင်းချင်သည့် ပုံသေးများကို နှိပ်ပါ၊ ထို့နောက် အထက်တွင် ဖော်ပြထားသည့် အဆင့်အတိုင်းလိုက်လုပ်ပါ။
ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုကို ၎င်း၏ ရက်စွဲ၊ အချိန် သို့မဟုတ် တည်နေရာကို မူရင်းအတိုင်းပြန်ပြောင်းနိုင်သည်။ ကိုနှိပ်ပါ၊ Adjust Date & Time သို့မဟုတ် Adjust Locationကိုနှိပ်ပါ၊ ထို့နောက် Revert ကိုနှိပ်ပါ။
ဓာတ်ပုံတစ်ပုံတွင် စတစ်ကာများ၊ စာသားများ၊ အခြားတို့ပေါင်းထည့်ပါ
Photos တွင် ဖန်သားပြင်အပြည့်ကြည့်ချင်သည့် ဓာတ်ပုံတစ်ပုံကိုနှိပ်ပါ။
Edit ကိုနှိပ်ပါ၊ ထို့နောက် ကို နှိပ်ပါ။
စတစ်ကာများ၊ ခေါင်းစီးများ၊ စာသားများ၊ ပုံသဏ္ဍာန် သို့မဟုတ်သင့်လက်မှတ်များကိုပင်ပေါင်းထည့်ရန် ကိုနှိပ်ပါ။
သင်ပြင်ဆင်ထားသည်များကိုသိမ်းဆည်းရန် Done ကိုနှိပ်ပါ သို့မဟုတ် သင်ပြင်ဆင်ထားသမျှကို မနှစ်သက်ပါက Cancel ကိုနှိပ်ပါ။