သင့် iPhone တွင် အရေးပေါ်ဌာနများကို ဆက်သွယ်ရန် SOS အသုံးပြုခြင်း
အရေးပေါ်ဖြစ်ပါက သင်၏ iPhone ကို အသုံးပြု၍ မြန်မြန်ဆန်ဆန်နှင့် အလွယ်တကူဖုန်းဆက် အကူအညီတောင်းခံနိုင်ပြီး အရေးပေါ်အဆက်အသွယ်များကို အသိပေးနိုင်သည် (ဆယ်လူလာဝန်ဆောင်မှု ရရှိနိုင်အောင်ပံ့ပိုးပေးထားသည်)။
မှတ်စု သင့်တွင် iPhone 14 သို့မဟုတ် နောက်ပိုင်း (မည်သည့်အမျိုးအစားမဆို)ရှိပါက cell ဝန်ဆောင်မှု မရရှိနိုင်လျှင် ဂြိုလ်တုမှတစ်ဆင့် အရေးပေါ်ဌာနများကို ဆက်သွယ်နိုင်ပါသည်။ သင်၏ iPhone တွင် ဂြိုလ်တုမှတစ်ဆင့်အရေးပေါ် SOS သုံးခြင်း ကိုကြည့်ပါ။
အရေးပေါ်ဌာနများကို လျင်မြန်စွာ ခေါ်ဆိုခြင်း (အိန္ဒိယနိုင်ငံမှလွဲ၍ နိုင်ငံစုံသို့မဟုတ် ဒေသစုံတွင်) အသုံးပြုခြင်း
ဆလိုက်များပေါ်လာသည်အထိ ဘေးခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်တစ်ခုခုအား တစ်ပြိုင်တည်းဖိ၍နှိပ်ထားပြီး Emergency SOS ကိုပြီးဆုံးသည်အထိ ရေတွက်ခြင်းကိုဖွင့်ထားပြီးနောက် ခလုတ်ကို လွှတ်လိုက်ပါ။
သို့မဟုတ် ဘေးခလုတ်ကို ငါးကြိမ်ဆက် အလျင်အမြန်နှိပ်ခြင်းဖြင့် iPhone ကို Emergency SOS ကို စတင်စေနိုင်သည်။ Settings > Emergency SOS ကိုသွားပါ၊ ထို့နောက် Call with 5 Presses ကိုဖွင့်ပါ။
အရေးပေါ်ဖုန်းခေါ်ဆိုမှုပြီးဆုံးသည့်အခါ ပယ်ဖျက်ရန် မရွေးချယ်ပါက သင့် iPhone သည် သင့် အရေးပေါ်အဆက်အသွယ်များကို စာသားမက်ဆေ့ခ်ျဖြင့် သတိပေးသည်။ သင့် iPhone သည် သင့်လက်ရှိတည်နေရာကို ပေးပို့သည် (ရရှိနိုင်ပါက) ပြီးလျှင် —SOS မုဒ်သို့ဝင်ရောက်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ—သင့်တည်နေရာပြောင်းလဲသည့်အခါ အရေးပေါ်အဆက်အသွယ်များသည် နောက်ဆုံးအခြေအနေများကို လက်ခံရရှိမည်ဖြစ်သည်။
အရေးပေါ်ဌာနများကို လျင်မြန်စွာ ခေါ်ဆိုခြင်း (အိန္ဒိယနိုင်ငံတွင်)
ဆလိုက်များပေါ်လာသည်အထိ ဘေးခလုတ်ကို 3 ချက်ဆက်တိုက်နှိပ်ပြီး Emergency SOS ပြီးဆုံးသည်အထိ ရေတွက်ခြင်းကို ဖွင့်ထားပါ။
Accessibility Shortcut ဖွင့်ထားလျှင် ဆလိုက်များပေါ်လာသည်အထိ ဘေးခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်တစ်ခုခုအား တစ်ပြိုင်တည်းဖိ၍နှိပ်ထားပြီး Emergency SOS ကိုပြီးဆုံးသည်အထိ ရေတွက်ခြင်းကိုဖွင့်ထားပြီးနောက် ခလုတ်ကို လွှတ်လိုက်ပါ။
အလိုအလျောက်ရွေးချယ်ချက်အရ iPhone သည်အချက်ပေးအသံကို ဖွင့်ကာ စက္ကန့်အစဉ်ကို စတင်ရေတွက်ပြီးနောက် အရေးပေါ်ဝန်ဆောင်မှုများကို ခေါ်ဆိုသည်။
အရေးပေါ်ဖုန်းခေါ်ဆိုမှုပြီးဆုံးသည့်အခါ ပယ်ဖျက်ရန် မရွေးချယ်ပါက သင့် iPhone သည် သင့် အရေးပေါ်အဆက်အသွယ်များကို စာသားမက်ဆေ့ခ်ျဖြင့် သတိပေးသည်။ သင့် iPhone သည် သင့်လက်ရှိတည်နေရာကို ပေးပို့သည် (ရရှိနိုင်ပါက) ပြီးလျှင် —SOS မုဒ်သို့ဝင်ရောက်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ—သင့်တည်နေရာပြောင်းလဲသည့်အခါ အရေးပေါ်အဆက်အသွယ်များသည် နောက်ဆုံးအခြေအနေများကို လက်ခံရရှိမည်ဖြစ်သည်။
သင့် iPhone သော့ပိတ်နေသည့်အခါ အရေးပေါ်နံပါတ်ကိုခေါ်ဆိုခြင်း
Passcode ဖန်သားပြင်ပေါ်မှ Emergency ကိုနှိပ်ပါ။
အရေးပေါ်နံပါတ်များကို ဖုန်းခေါ်ပါ (ဥပမာ အမေရိကန်ပြည်ထောင်စုတွင် 911) ထို့နောက် ကိုနှိပ်ပါ။
အရေးပေါ်ဝန်ဆောင်မှုများကို စာပို့ခြင်း (နိုင်ငံ သို့မဟုတ် ဒေသအားလုံးတွင် မရရှိနိုင်ပါ)
Messages အက်ပ် ကို ဖွင့်ပြီး 911ဟု စာရိုက်ထည့်ပါ သို့မဟုတ် To field တွင် သင်၏ ဒေသတွင်း အရေးပေါ် ဝန်ဆောင်မှု နံပါတ်ကို ရိုက်ထည့်ပါ။
သင်၏ အရေးပေါ်ဖြစ်မှုကို စာရိုက်ထည့်ပါ
Send ခလုတ်ကိုနှိပ်ပါ။
Emergency SOS ချိန်ညှိခြင်းများကို ပြောင်းလဲခြင်း
Settings > Emergency SOS သို့သွားပါ။
အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
“Call with Hold and Release”ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ၊ အရေးပေါ်ဌာနများကိုခေါ်ဆိုရန်အတွက် စတင်ရေတွက်ရန် ဘေးဘက်နှင့် အသံအတိုးအကျယ်ခလုတ်များကို ဖိပြီး လွှတ်လိုက်ပါ။
"Call with 5 presses" ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ၊ အရေးပေါ်ဌာနများကိုခေါ်ဆိုရန်အတွက် စတင်ရေတွက်ရန် ဘေးဘက်နှင့် အသံအတိုးအကျယ်ခလုတ်များကို အမြန်ထိပြီး ဖိထားပါ။
အရေးပေါ်အဆက်အသွယ်များကို စီမံဆောင်ရွက်ရန်၊ Health တွင် Set Up Emergency Contacts သို့မဟုတ် Edit Emergency Contacts ကိုနှိပ်ပါ။ သင့် Medical ID ကို စီမံလုပ်ဆောင်ခြင်းနှင့် ကြည့်ရှုခြင်း ကိုကြည့်ပါ။
iPhone တွင်အရေးပေါ်ဖုန်းခေါ်ဆိုမှုများနှင့်ပတ်သက်သည့် အရေးကြီးသတင်းအချက်အလက်များ
iPhone ကိုအသက်သွင်းမထားလျှင်၊ iPhone သည် cellular ကွန်ရက်တစ်ခုနှင့် တွဲဖက်အသုံးပြုမရလျှင် သို့မဟုတ် တပ်ဆင်ထားခြင်းမရှိလျှင်၊ ၎င်းတို့မဟုတ်လျှင် (သက်ဆိုင်သည့်အခါ) iPhone တွင် SIM ကတ်မပါလျှင် သို့မဟုတ် SIM ကတ်က PIN သော့ပိတ်နေလျှင် အချို့သော cellular ကွန်ရက်များက iPhone မှအရေးပေါ်ဖုန်းခေါ်ဆိုမှုကို လက်မခံပါ။
အချို့သောဒေသများတွင် သင် အရေးပေါ်ဖုန်းခေါ်ဆိုသည့်အခါ သင်၏ တည်နေရာအချက်အလက်များကို (အတိအကျရှိလျှင်) အရေးပေါ်ဝန်ဆောင်မှုပေးသူများက ရယူနိုင်သည်။
Wi-Fi ကိုအသုံးပြုကာအရေးပေါ်ဖုန်းခေါ်ဆိုခြင်း၏ အကန့်အသတ်များကို နားလည်နိုင်ရန် သင်၏ဖုန်းကိုဝန်ဆောင်မှုပေးသောကုမ္ပဏီ၏ အရေးပေါ် ဖုန်းခေါ်ဆိုခြင်းအချက်အလက်ကို ပြန်လည်ဆန်းစစ်ကြည့်ပါ။
CDMA တွင် iPhone သည် အရေးပေါ်ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားသည့်အခါ အရေးပေါ် ဝန်ဆောင်မှုများမှ ပြန်လည်ခေါ်ဆိုမှုကို ခွင့်ပြုရန် အရေးပေါ်ဖုန်းခေါ်ဆိုမှုစနစ်ထဲသို့ မိနစ်ပိုင်းမျှဝင်ပေးသည်။ ထိုအချိန်အတွင်း အင်တာနက်ထုတ်လွှတ်မှုနှင့် စာသားမက်ဆေ့ချ်တို့ကို ပိတ်ဆို့ပေးထားသည်။
အရေးပေါ်ဖုန်းများခေါ်ဆိုမှုပြုလုပ်ပြီးသည့်နောက်၊ အဝင်ခေါ်ဆိုမှုများကို တားဆီးရန် သို့မဟုတ် အသံပိတ်ရန် အချို့ခေါ်ဆိုမှုအစီအစဉ်များကို အရေးပေါ်ဝန်ဆောင်မှုများမှ ပြန်လည်ခေါ်ဆိုမှုကိုခွင့်ပြုရန် ခဏတာပိတ်ထားနိုင်သည်။ ယင်းတို့တွင် Do Not Disturb၊ Silence Unknown Callers၊ နှင့် Screen Time တို့ပါဝင်သည်။
Dual SIM ပါရှိသော iPhone တွင် သင်ဖုန်းခေါ်သည့်အခါ လိုင်းတစ်လိုင်းအတွက် Wi-Fi ဖုန်းခေါ်ဆိုမှု မဖွင့်ထားပါက၊ သင်၏ အခြားလိုင်းသို့ဝင်လာသည့် မည်သည့်ဖုန်းခေါ်ဆိုမှုများမဆို (အရေးပေါ်ဝန်ဆောင်မှုများမှ ဖုန်းခေါ်ဆိုမှုများအပါအဝင်) voicemail သို့တိုက်ရိုက်ဝင်သည် (သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှ ပံ့ပိုးပေးထားလျှင်) ၊ လွတ်သွားသည့်ဖုန်းခေါ်ဆိုမှု သတိပေးချက်များကို လက်ခံရရှိမည်မဟုတ်ပါ။
လိုင်းတစ်လိုင်းသည်မအားပါက သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါက အခြေအနေအရအခြားဖုန်းလိုင်းသို့ လွှဲပြောင်းပေးသည့် လုပ်ဆောင်မှုကို (သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှ ပံ့ပိုးပေးထားလျှင်) ရယူနိုင်သလို ၎င်းခေါ်ဆိုမှုများသည် voicemail ထဲသို့မဝင်ပါ။ ရယူမှုဆိုင်ရာ သတင်းအချက်အလက်များကို သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီသို့ ဆက်သွယ်ပါ။
iPhone တစ်လုံးကို USB-C ချိတ်ဆက်မှုကိရိယာနှင့် ကိုက်ညီမှုရှိသော ဆက်စပ်ပစ္စည်းတို့နှင့်အသုံးပြုသည့်အခါ USB 3 နှင့် DisplayPort ချိတ်ဆက်မှုများမှတစ်ဆင့် ဒေတာပြောင်းရွှေ့မှုကို အရေးပေါ်ကိစ္စရပ်တစ်ခု (ဖုန်းခေါ်ဆိုမှု သို့မဟုတ် စာတို) စတင်လိုက်သည်နှင့် ရရှိနိုင်တော့မည်မဟုတ်ဘဲ ထိုကိစ္စရပ်ပြီးဆုံးချိန်မှ 5 မိနစ်အထိ မရရှိနိုင်ဘဲ ဆက်လက် ရှိနေပါမည်။ ဤအချိန်သည် နိုင်ငံ သို့မဟုတ် ဒေသကို မူတည်၍ ကွဲပြားနိုင်သည်။ သင့်ဆက်စပ်ပစ္စည်းကို ဆက်လက်အသုံးပြုရန် ထိုကာလနောက်ပိုင်းတွင် သင့်စက်ပစ္စည်းမှ ချိတ်ဆက်မှုဖြုတ်၍ ပြန်လည်ချိတ်ဆက်ပါ။ အားသွင်းခြင်းကို သက်ရောက်မှုမရှိပါ လုပ်ဆောင်ချက် ဆက်လက်ရရှိနိုင်သည်။